ဘူးသီးတောင်မြို့နယ် Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဘူးသီးတောင် သြဂုတ် ၂၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (လက်ဝဲဒက်ပုဇွန်ချောင်း)တို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီက ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်၍ ကလေးသူငယ် အခွင့်အရေးများ၊ အန္တရာယ်ရှိသည့်လုပ်ငန်းခွင်နှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုခံရသည့် အလုပ်လုပ်ကိုင်နေသည့်ကလေးများ၏ ဖွံ့ဖြိုးမှုများကိုလည်းကောင်း၊ ဆရာမဒေါ်သန်းသန်းအေးက ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း (လက်ဝဲဒက်ပုဇွန်ချောင်း)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြသည်။

လှကျော် (ပြန်/ဆက်)