ပန်းဘဲတန်းမြို့နယ်တွင်  ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပန်းဘဲတန်း  ဩဂုတ်  ၂၀

ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် ကလေးသူငယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၈ရက်နေ့ မွန်းလွဲ (၁)နာရီတွင် ပန်းဘဲတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 ရှေးဦးစွာ ပန်းဘဲတန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဋ္ဌ  ဦးကျော်စွာရဲက ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးဆုံးအချိန်သည် ကလေးရဲ့ဘဝအစ အစောပိုင်းနှစ်များသာဖြစ်၍ ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်အောင် လူ့ဘောင်အသိုင်းအဝန်းအတွင်း ပြုစုပျိုးထောင်ရာမှာ မိဘများတွင်သာမကဘဲ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်းသည် အလွန် အရေးကြီးပါကြောင်း၊ မြို့နယ်ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီအနေဖြင့် ကောင်းမွန်သည့် အနာဂတ်ကောင်းများဖန်တီးနိုင်မည့်အခွင့်အလမ်းများ၊ အကြံဉာဏ်ကောင်းများ၊ ဌာနဆိုင်ရာများ၏ ဆောင်ရွက်ထားရှိမှုများကို  ဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 ထို့နောက် မြို့နယ်ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး မြို့နယ်လူမှုဝန် ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပပမောင်က ကလေးသူငယ်အခွင့် အရေးများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများကို   ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

ဦးဆန်းကြည်