တောင်ကုတ်မြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အခမ်းအနားကျင်းပ

တောင်ကုတ်     ဩဂုတ်   ၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ်လ ၁၈ ရက်နေ့၊ မွန်းလွဲ(၂)နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က အမှာစကားပြောကြားပြီးနောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဒေါက်တာလှထွန်းဇော်က ကမ္ဘာ့မိခင် နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအထိမ်းအမှတ် ကျင်းပရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အာဟာရရက်သတ္တပတ်များအဖြစ် နှစ်စဉ်ဩဂုတ်လ၏ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထရက် သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်စန်းယုမြင့်နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်များအား ဆုချီးမြှင့်ခြင်းနှင့်လက်ဆောင်ပစ္စည်းများ၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားနှင့် ဘီဝမ်းဆေးပြားများပေးအပ်ခဲ့ပြီး  အသက်(၅)နှစ် အောက်ကလေးများအား အင်အားပြည့် ဗီတာမင်အေ ဆေးလုံးတိုက်ကျွေးခဲ့ကြသည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ပြခန်းငယ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။  

မြို့နယ်(ပြန်/ဆက်)