မိုင်းယောင်း ဩဂုတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်တပ်ကျေးရွာအုပ်စု၊ ဟွေထမ်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကော်ဖီလုပ် ငန်းများ အောင်မြင်စေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းတို့သည် ယမန်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တောင်ပေါ်သား ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေ၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ် ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း