ရသေ့တောင် ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် စစ်တွေခရိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာနမှ မြေ/မျိုး/ပိုးမွှားတာဝန်ခံများနှင့် မြို့နယ်စိုက်/ကြပ်ကော်မတီဝင်များပူးပေါင်း၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ရသေ့တောင်မြို့နယ်ကျေးရွာ ၁၉ ရွာမှ တောင်သူစုစုပေါင်း ၆၇ ဦးအား မိုခါမုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မျိုးစပါးနှင့်စပ်လျဉ်း၍ ဆောင်ရန်ရှောင်ရန်အချက်များ၊ စပါးမျိုးများ၏အရည်အသွေးလက္ခဏာများကိုဆွေးနွေးခဲ့ပြီး မြေအသုံးချတာဝန်ခံမှလည်း စျေးနှုန်းကြီးပြီး အာဟာရပါဝင်မှုနည်းပါးသည့် ကွန်ပေါင်းမြေဩဇာအစား ယူးရီးယားတီစူပါနှင့်ပိုတက်ချ်ကိုစနှစ်တကျသုံးစွဲရန်နှင် စူပါဘိုကာရှိ မြေသြဇာသုံးစွဲနည်းအကြောင်းကိုလက်တွေပြသကာ သီးနှံကာကွယ်ရေးတာဝန်ခံမှလည်း ထောက်ပံ့စပါးမျိုးများတွင်ကျရောက်တတ်သော ပိုးမွှားရောဂါများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်/ကြပ်ကော်မတီအတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးတင်ဝင်းမောင်မှလည်း မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ထောက်ပံ့မျိုးများ စစ်တမ်းကောက်ယူရမည်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာပြုလုပ်ပုံ အဆင့်ဆင့်အား လက်တွေ့သရုပ်ပြခြင်းကို တောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။
ရသေ့တောင်(ပြန်/ဆက်)