မောက်မယ်မြို့နယ်တောင်ပါ်ဒေသ၌ တောင်ယာစပါးများအောင်မြင်ဖြစ်ထွန်း

မောက်မယ် သြဂုတ် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဝေးလံခေါင်ဖျားကဒူးကြီးတောင်ပေါ်ဒေသရှိကျေးရွာများ၏ တောင်ယာစိုက်ခင်းများတွင် ဒေသမျိုးဖြင့်စိုက်ပျိုးသည့် တောင်ယာစပါးခင်းများ ယခုနှစ်တွင်မိုးရွာသွန်းမှုကောင်းသဖြင့် အောင်မြင်ဖြစ်ထွန်းနေကြောင်း တွေ့ရသည်။

“ကျန်တော်တို့ကယား/ပအိုဝ့်ဒေသတို့မှာ တောင်ယာစပါးကို ယခင်ကတော့ အိမ်တိုင်းစေ့လိုလို စိုက်ကြပါတယ်  ယခုတော့ဆယ်အိမ်မှာ ရှစ်အိမ်လောက်တော့စိုက်ပျိုးနေကြပါတယ် လူအချို့က ပြောင်းစိုက်ပြီးဆန်အိတ်ဝယ်စားပါတယ် တောင်ပေါ်/တောင်ယာခြံထဲမှာ အစေ့ထုတ်ပြောင်းအများဆုံး စိုက်ပျိုးကြပါတယ်၊ မြေပဲလဲစိုက်ပျိုးကြပါတယ်၊ အများဆုံးကတော့ပြောင်းပေါ့ ကျွန်တော်တို့မိသားစုက တောင်ယာဆန်ကိုပိုကြိုက်လို့ နှစ်စဉ်နှစ်တိုင်းစိုက်ပျိုးပါတယ် တောင်ယာစပါးကအထွက်နှုန်းနည်းပေမဲ့ တစ်ဧကကို အိမ်တစ်အိမ် မိသားစုအတွက်လုံလောက်ပါတယ် ရောင်းဖို့တော့မရှိပါဘူး ကျွန်တော်တို့ တောင်ပေါ်ဒေသမှာဆိုရင် တောင်ယာကိုပဲအားကိုးရတယ် လယ်ယာမြေမှမရှိတာ ယခုနှစ်မှာ အိမ်ပေါင်း(၁၀၀)လောက်မှာအိမ်(၈၀)ကျော်လောက်တော့ တောင်ယာစပါးကိုစိုက်ပျိုးကြပါတယ်” ဟု ဒေါတခေါကျေးရွာမှတောင်ယာ စပါးစိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောကြားသည်။

တောင်ယာစပါးရိတ်သိမ်းချိန်တွင် ရာသီဥတုပေါ်မူတည်၍ တောင်ယာစပါးစိုက်ပျိုးသည့်တောင် သူမိသားစုဝင်များစုပေါင်းပြီး အလှည့်ကျရိတ်သိမ်းသည့် အလေ့အထရှိပြီး တောင်ယာစပါးများအား လုံးရိတ်သိမ်းပြီးလျှင် ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကောက်သစ်စားပွဲကို ပအိုဝ်းရိုးရာယဉ်ကျေးမှုတစ်ခုအနေဖြင့် နှစ်စဉ်နှစ်တိုင်းရှေးထုံးဓလေ့မပျက် ပြုလုပ်ကျင်းပလှူဒါန်းကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)