လားရှိုး ဩဂုတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံခရစ်ကက်နည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံခရစ်ကက်နည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲသို့ ပြည်နယ်ပညာရေးမှူးရုံး ရှမ်း/မြောက်(ရုံးခွဲ)မှ ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ဌေးနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ပညာရေးမှူးက သင်တန်းဆင်း အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်မှ နည်းပြတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့က ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၁ ရက်နေ့မှစတင်ကာ သင်ပြခဲ့ပြီး သင်တန်းသို့ လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကာယ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)