သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ ပြင်ဦးလွင်မြို့ရှိ သမဝါယမအသင်းစု၊ မြို့မဈေးကြီး၊ ကော်ဖီခြံနှင့် ကော်ဖီလုပ်ငန်းများသို့ လက်တွေ့ကွင်းဆင်းလေ့လာ

ပြင်ဦးလွင် ဩဂုတ်လ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ သမဝါယမပညာဌာနမှ လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ(အထူးပြု) ကျောင်းသား/ကျောင်းသူများသည် (B.BSc Social Enterprise Management)ဘွဲ့အတွက် စာတမ်း Term Paper ပြုစုရန်အတွက် ပြင်ဦးလွင်မြို့ရှိ သမဝါယမအသင်းစု၊ မြို့မဈေးကြီး၊ ကော်ဖီခြံနှင့် ကော်ဖီလုပ်ငန်းများသို့ ယမန်နေ့ နံနက်ပိုင်းက လက်တွေ့ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

ထိုသို့လေ့လာရာတွင် တက္ကသိုလ်မှ သမဝါယမပညာဌာန၊ ဌာနမှူးနှင့် ဆရာ/ ဆရာမ(၁ဝ)ဦး၊ ကျောင်းသား/ကျောင်းသူ(၅၈)ဦးတို့ပါဝင်သော အဖွဲ့ဖြင့်  ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစု၊ မြို့မဈေးကြီးဈေး သမဝါယမအသင်းလီမိတက်၊ မေမြို့ပါဆယ်ကော်ဖီလုပ်ငန်း၊ ရွှေမိုးကော်ဖီခြံများသို့ လုပ်ငန်းဆောင်ရွက်မှုများကို လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်တွေ့ကွင်းဆင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများဖြစ်သည့် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်မိုးကြည်၊ မြို့နယ်သမဝါယမအသင်းစုမှ ဦးအောင်တင်(ဥက္ကဋ္ဌ)၊ မြို့မဈေးကြီးမှ ဈေးသမဝါယမအသင်းလီမိတက်မှ ဦးထွန်းမြင့်(ဥက္ကဋ္ဌ)၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒေါ်ဇင်မိုးလှိုင်၊ မေမြို့ ပါဆယ်ကော်ဖီလုပ်ငန်းမှ လုပ်ငန်းရှင် ဦးစိုးသိန်းနှင့် ရွှေမိုး ကော်ဖီခြံမှ လုပ်ငန်းရှင်ဦးသန်းအောင်တို့မှ လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)