မိုးမောက် သြဂုတ် ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် လူဝင်မှုကြီးကြပ်ရေ းဦးစီးဌာနမှ ကောက်ယူထားရှိသော Biometric အချက်အလက်များအား စက်(၁) တစ်စုံဖြင့် Database အတွင်း မှတ်တမ်းထိန်းသိမ်းစာရင်းသွင်း ဆောင်ရွက် ခြင်းကို သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မှတ်တမ်းထိန်းသိမ်းစာရင်းသွင်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ Biometric အချက် အလက်များအားစာရင်းရေးသွင်းဆောင်ရွက်ခြင်းကို ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၁၈ ရက်နေ့အထိ ကျား(၁၆၉)ဦး နှင့် မ(၂၇၅)ဦး စုစုပေါင်း(၄၄၄)ဦးဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)