တိုက်ကြီး ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တာ၀န်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်၊ အထက်တန်းပြ ဆရာမ ဒေါ်တင်တင်မြင့်နှင့် အလယ်တန်းပြဆရာမ ဒေါ်ခင်ခင်မိုးတို့က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အကျယ်တ၀င့် အသိပညာပေးဟောပြောသည်။
ထို့နောက် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက် လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသ ထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲတို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြ ကြောင်း သိရသည်။
စန်းကလျာခိုင် ( ပြန် / ဆက် )