ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ မိုးစပါးရေတော်မိုးတော် ထွန်တုံးပိတ်ပွဲ အခမ်းအနားကျင်းပ

ကွမ်းခြံကုန်း သြဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော စပါးခွံ၊ ဖွဲ့ပြာမြေသြဇာ စမ်းသပ်ကွက်နှင့် ၂၀၂၃ ခုနှစ် မိုးစပါး ရေတော် မိုးတော် ထွန်တုံးပိတ်ပွဲ အခမ်းအနားကို ယမန်နေ့က တော်ခရမ်းအနောက်ကျေးရွာ တောင်သူဦးသိန်းဌေး၏ ကွင်းအမှတ် (၃၇၀-B) လယ်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးကြည်စိန်က မိုးစပါးစိုက်ပျိုးနည်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုနောက် ထွန်တုံးပိတ်ပွဲ အခမ်းအနားသို့

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်း၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်စုံစိုး၊ အဖွဲ့ဝင် (၂) ဦးရဲတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်စိန်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)