ကာလိမြို့ နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ နှာခေါင်းစည်း (Mask) များ လှူဒါန်း

ကာလိ  အောက်တိုဘာ   ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ရှိ နမ့်ခုံးရှမ်းများ ပရဟိတအသင်းက ယနေ့ နံနက် (၆)နာရီခွဲ အချိန်ခန့်က ကာလိမြို့ ယာယီပျံကျဈေးနှင့် ပြည်ထောင်စုလမ်းမကြီးတွင် နှာခေါင်းစည်း (Mask) များ အခမဲ့ပေးဝေ လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ကာလိမြို့ နမ့်ခုံးရှမ်းများ ပရဟိတအသင်းဉက္ကဋ္ဌ ဦးစိုင်းဆိုင်ခေးနှင့် အသင်းဝင်များတို့က ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် ယာယီပျံကျဈေးသို့ လာရောက်ဝယ်ယူကြသည့် ပြည်သူများ၊ ဈေးရောင်း/ဈေးဝယ် ပြည်သူ များတို့အား နှားခေါင်းစည်းများ တစ်ယောက်တစ်ခုနှုန်းဖြင့် ပေးဝေလှူဒါန်း ခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုလမ်းမကြီး၌ သွားလာနေကြသည့် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း မရှိသည့်ပြည်သူများကိုလည်း နှာခေါင်းစည်း (Mask)များ အခမဲ့ပေးဝေ လှူဒါန်းပြီး ချက်ချင်းတပ်ဆင်စေကာ  မလိုအပ်ပါက အပြင်မထွက်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ  လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းကျော် (ကာလိ ပြန်/ဆက်)