မြန်မာ့ဆောက်လုပ်ရေး အိမ်ရာနှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ပြပွဲကျင်းပ

ရန်ကုန် ဩဂုတ် ၁၈

မြန်မာ့ဆောက်လုပ်ရေးအိမ်ရာနှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ပြပွဲကိုယနေ့နံနက် (၁၀) နာရီက ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ် Yangon Convention Center (YCC) တွင် ကျင်းပရာရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ အသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ မြန်မာနိုင်ငံပြပွဲအသင်းဥက္ကဋ္ဌ ဦးမင်းသိမ်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြဟန်တို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့က ပြပွဲကျင်းပရခြင်းအကြောင်းအား ရှင်းလင်းပြောကြားပြီး ပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက ပြပွဲတွင်ပြသထားသည့် ပြခန်းများအား လှည်လည်ကြည့်ရူခဲ့ကြသည်။ ပြပွဲတွင် ဆောက်လုပ်ရေးဆိုင်ရာစက်ပစ္စည်း နည်းပညာနှင့် ဆောက်လုပ်ရေးဆိုင်ရာဝန်ဆောင်မှုများ၊ အိမ်ယာနှင့်ကွန်ဒို အရောင်းပြခန်းများ၊ ဆိုလာနှင့်လျှပ်စစ်ကား (EV) ပြခန်းများကို ပြသထားသည်။

ပြပွဲတွင် ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်နိုင်ငံများမှ ထုတ်လုပ်သည့် ပစ္စည်များကို ကုမ္ပဏီပေါင်း (၉၀) မှ ဆိုင်းခန်းပေါင်း (၂၀၀) ဖြင့် ဩဂုတ်လ (၁၈) ရက်မှ (၂၀) ရက်နေ့အထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ပြီး ပြပွဲကို  IMS- Silver Sea မှ စီစဉ်ကျင်းပခြင်းဖြစ်ကာ အင်ဂျင်နီယာဆိုင်ရာ စာတမ်းများ၊ နောက်ဆုံးပေါ် လျှပ်စစ် (EV) ကား အကြောင်းနှင့် ဆောက်လုပ်ရေးဆိုင်ရာ ဟောပြောပွဲများကိုလည်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)