လားရှိုး ဩဂုတ် ၁၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းကျန်းမာရေး ထူးချွန်ဆုရကျောင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ်လ ၁၈ ရက် နံနက် (၉)နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီ နာယကဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းလှိုင်က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်၊၊
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများတွင် မြို့နယ်အဆင့်ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)