ရွှေပြည်သာ ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် လူငယ်များအသိပညာ၊ အတတ်ပညာများပိုမိုဖွံဖြိုးတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၈ ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းတွင် ရွှေပြည်သာမြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးဆန်းက အဖွင့်အမှာစကားပြောကြားကာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားပြီးအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းက ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးဝင်းဌေး၊ Grade (11)မှမောင်သတိုးဉာဏ်အောင်နှင့် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးတို့က ဆောင်ရွက်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Grade (12)မှ မမေမြတ်နိုးခိုင်ကလူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ (Gread-12)မှမထွန်းအိန္ဒြာအောင်က လူငယ်နှင့်အားကစား၊ (Gread-11)မှ မဆုပြည့်ရတနာက လူငယ်နှင့်ကျန်းမာရေး၊ (Gread-11)မှ မောင်မင်းသက်နိုင်က လူငယ်နှင့်ပညာရေး၊ (Gread-12)မှမောင်ဘုန်းသက်ခိုင်က လူငယ်နှင့်နည်းပညာ (Gread-12)မှ မောင်ထွန်းလူအောင်က လူငယ်နှင့်ယဉ်ကျေးမှုစသည့်ခေါင်းစဉ်အလိုက်ပါဝင်ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းကြရာဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ရသစာအုပ်များ အသိပညာပေးနံရံကပ်စောင်များကို စိတ်ဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)