တောင်သာမြို့နယ်တွင် ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

တောင်သာ သြဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့်  မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ယမန်နေ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှဒေသခံ  တောင်သူများအား ဆက်လက်ထုတ် ချေးပေးလျက်ရှိကြောင်း သိရသည်။             

ထိုသို့ စိုက်ပျိုးစရိတ်များ  ထုတ်ချေးပေးရာတွင် စပါး၊ ​  စိုက်ပျိုးဧက၊    လယ်တစ်ဧကကို     ငွေကျပ် (၁၅၀၀၀၀/-) နှုန်း၊ ယာတစ်ဧကကိုငွေကျပ် (၁၀၀၀၀၀/-) နှုန်းဖြင့် ကန်မြဲကျေးရွာ၊ မင်းရင်ကျေးရွာနှင့် စလင်ဂသူကျေးရွာရှိ တောင်သူ (၃၇) ဦး၊  ဧကပေါင်း (၂၈၂) ဧကအတွက် စုစုပေါင်းငွေကျပ် (၂၈၈၅၀၀၀၀) သိန်းကို ကျေးရွာများရှိ တောင်သူ (၃၇) ဦးအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ ကျန်ရှိသည့် တောင်သူများလည်း  စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာမြို့နယ်  မန်နေဂျာဦးသက်ခိုင်ဇော်ထံမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)