မောင်တော ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ် ၃ နာရီအချိန် ဝေသာလီရပ်ကွက်၊ သုံးမိုင်လမ်းဆုံတွင် တာဝန်ရှိသူများ အသိပညာပေး လက်ကမ်းစာစောင်များအား ဆက်လက် ဖြန့်ဝေပေးခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ရေဘေးအသိပညာပေး လက်ကမ်းစာစောင်တွင် ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်နှင့် ရှောင်ရှားရန်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ဆောင်ရွက်ရန်နှင့် ရှောင်ရှားသင့်သည့် အချက်များ ပါဝင်သော အသိပညာပေးလက်ကမ်းစာစောင်များကို ဝေသာလီရပ်ကွက်၊ သုံးမိုင်လမ်းဆုံတွင် ဖြတ်သန်းသွားလာနေကြသော အများပြည်သူများနှင့် ဈေးရောင်းချနေသူများအား အသိပညာဗဟုသတရရှိစေရေးအတွက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်)