မြောက်ဦး ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ထမ္မရာဇ်ရပ်ကွက်ရှိ အ.ထ.က(ခွဲ)လ (၃) ကျောင်း၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးရဲထက်စိုး ဦးဆောင်၍ ဆရာ/ဆရာများနှင့် ကျောင်းသား/ကျောင်းသူများကို ရေဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရန်အတွက် အသက်ကယ်အင်္ကျီ (Life Jacket) များစနစ်တကျဝတ်ဆင် အသုံးပြုတတ်စေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြသခြင်း၊ ကျောင်းသား/ ကျောင်းသူများအား (Life Jacket)များ လက်တွေ့ဝတ်ဆင်ခြင်းများ လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဒုမီးသတ်ဦးစီးမှူးက မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်း၊ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် (Life Jacket) စနစ်တကျဝတ်ဆင်ရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)