တပ်ကုန်း ဩဂုတ် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ခြောက်တန်းသွား ကောက် စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြသစိုက်ပျိုးအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက ဂွေးပင် (စံပြ) ကျေးရွာ၊ စနစ်ကျလယ်ယာမြေ၊ ကွင်းအမှတ် ၂၀၄၄ ကွင်း၊ တောင်သူ ဦးမြ၏ လယ်မြေတွင် ကျင်းပခဲ့သည်။
အဆိုပါသရုပ်ပြသစိုက်ပျိုးရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စပါးစိုက်ပျိုးရာ ထွန်စက်နှင့် တွဲဖက်အသုံးပြု၍ အခြောက်ထွန်ရေး စိုက်ပျိုးစနစ်၊ အစိုသမန်းအစေ့ချ စိုက်ပျိုးစနစ်၊ ဗန်းပျိုး စိုက်ပျိုးစနစ်များ၊ တောင်သူများ လက်တွေ့အသုံးပြုနိုင်သည့်စိုက်နည်းစနစ်များ ဆောင်ရွက် လျက်ရှိကြောင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုအားသာချက်များ ရှင်းလင်းပြောကြားခြင်း၊ ဥတ္တရခရိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းဟန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနများ ပူးပေါင်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေး မှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဂွေးပင်(စံပြ)ကျေးရွာ၊ စနစ်ကျလယ်ယာမြေကွင်းအတွင်းရှိ စပါးစိုက်တောင်များက ခြောက်တန်းသွားကောက်စိုက်စက် ဖြင့် မိုးစပါးဆင်းသုခ ၂ ဧကစိုက်ပျိုးမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းက မိုးစပါးသရုပ် ပြသ စိုက်ပျိုးအခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ တောင်သူများအား ခြောက်တန်းသွား ကောက်စိုက်စက်၊ ထွန်စက်နှင့် တွဲဖက်အသုံးပြုသည့် အခြောက်ထွန်ရေးစိုက်ကွက်တွင် အတန်းလိုက် ပျိုးစေ့ချစက်၊ အစိုသမန်းစိုက်ကွက်တွင် အစေ့ချစက်များနှင့်ပတ်သက်၍ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်မှုများအား လိုက်လံရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်