မြစ်ကြီးနားမြို့၌ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနား သြဂုတ် ၁၉

ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို သြဂုတ် ၁၇ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက် အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်းကျောင်း စာသင်ခန်းများတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကချင်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောင်ညွှန်ကြားရေးမှူး ဦးမျိုးအောင်ကျော်နှင့် ဌာနတွင်း ဝန်ထမ်းအင်အား (၂၄)ဦးတို့က အတန်းအလိုက် ဆေးရောင်ခြယ်၊ ပန်းချီပြိုင်ပွဲ၊ စွန့်ပစ်အမှိုက်နှင့် ပလပ်စတစ်အန္တရာယ်၊ အမှိုက်ခွဲခြားစွန့်ပစ်ခြင်း၊ ရေ၏ အရေးကြီးပုံ၊ သဘာဝအတိုင်း ရေသန့်စင်နည်းနှင့် ကစားပွဲများနှင့် တေးသရုပ်ဖော် အက၊ ကဗျာများအား မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ကျင်းပပေးခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ကလေးငယ်များအား အာဟာရမုန့်များ ကျွေးမွေးခဲ့သည်။

ထို့သို့ ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးလုပ်ငန်းများကို ရက်သတ္တနှစ်ပတ်လျှင် ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း တစ်ကျောင်းနူန်းဖြင့် ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးထံမှ သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)