ပျော်ဘွယ် ဩဂုတ် ၁၉
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှု အန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ပန်းစုံ) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက နိုင်ငံတော်အနေဖြင့် လူကုန်ကူးမှုအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် လူကုန်ကူးမှုမခံရစေရန်အတွက် သတိထားရမည့် အချက်များ၊ ယခုဟောပြောပွဲမှ တဆင့် ရရှိလာမည့် ဗဟုသုတများကို မိမိပတ်ဝန်းကျင်အတွင်း မျှဝေရမည့်အချက်များ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အပြန်အလှန်ဆွေးနွေး ဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှု ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)