မိုင်းဖြတ် ဩဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ထောက်ပံ့ပေးအပ်သည့် ဓာတ်မြေဩဇာများအား တောင်သူများသို့ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ကျိုင်းတုံဒေသမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဝင်းက ဒေသတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် အလေးထားလိုက်နာဆောင်ရွက်ရေး၊ ဓာတ်မြေဩဇာကို နည်းစနစ်မှန်ကန်စွာဖြင့် အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ဓာတ်မြေဩဇာထောက်ပံ့ပေးသည့်အတွက် တောင်သူများကိုယ်စား ကျေးဇူးတင်စကားနှင့် တောင်သူများသို့ အမှာစကားများ ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦစီးမှူး ဦးသန်းထွဋ်လွင်က ၂၀၂၃-၂၀၂၄ခုနှစ်တွင် မြို့နယ်အတွင်း မိုးစပါးပန်းတိုင်ရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးနိုင်သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျိုင်းတုံဒေသမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်တို့က ကျေးရွာအုပ်စု(၈)စုရှိ တောင်သူ(၇၁)ဦး၏ မိုးစပါးစိုက် ဧက(၁၉၅) ဧကအတွက် ဓာတ်မြေဩဇာ(၁၉၅)အိတ်ကို တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)