ရှင်ဗွေယန် ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများစုပေါင်း၍ (Community Centre) ခန်းမ၌ မွန်းတည့် ၁၂ နာရီခွဲက စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားသော "လူငယ်တွေ စဉ်းစားဖို့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်း ဆောင်ရွက်ရာတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံက ဆောင်ရွက်ပြီး ရှင်ဗွေယန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ စာအုပ်စာစောင်ချစ်မြတ်နိုးသူ ကျောင်းသား/ ကျောင်းသူ (၇) တို့က “လူငယ်တွေစာဖတ်ဖို့” စာအုပ်ပါ အကြောင်းအရာ များကို အသီးသီးဖတ်ကြား ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှင်ဗွေယန် (ပြန်/ဆက်)