ကာလိ ဩဂုတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဩဂုတ်လ (၁၇)နေ့ နံနက်(၉)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများဖလှယ်တက်စေရန်နှင့် အချင်းချင်းရင်းနှီးချစ်ကြည်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် (Book Club) အဖွဲ့ဝင် ဦးသန်းထိုက်က " အမွေခံတစ်ယောက် အမွေးပေးသူတစ်ရာ" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး ၊ စာပေချစ်မြတ်နိုးသူ မနန်းဖွေးစံက " နောက်တစ်ချက် ထပ်ရိုက်ပါ" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်သက်ပိုင်ထက်က "ပညာတက်ဖို့စာဖတ်ရမည်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မရတနာဝင်းက "မဖြေနိုင်လျင်မအောင်ချင်နှင့်" ခေါင်းစဉ်ဖြင့် လည်ကောင်း၊ မောင်စိုင်းမွန်းက "စိန်ခေါ်ကြစေချင်ပါသည်" ခေါင်းစဉ်ဖြင့် လည်ကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ပြန်/ဆက်)