စဉ့်ကိုင် သြဂုတ် ၁၈
တောင်သူများ စိုက်ပျိုးသီးနှံအထွက်နှုန်းကောင်းစေရန်နှင့် အရည်အသွေးကောင်းမွန်သည့် မျိုးစေ့များ ရရှိစေရေး တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ပြည်သူလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံ့ပေးအပ်ခဲ့သည့် မိုး/ဆောင်းနေကြာမျိုးစေ့များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နေကြာစိုက်ပျိုးမည်ဆိုလျှင် မြေအမျိုးအစားမှာ မြေထဲ၌ အစိုဓာတ်ကြာရှည်စွာ ထိန်းထားနိုင်ရေးအတွက် ထယ်ရေးညက်၍ ထွန်ရေးနက်ရန် လိုအပ်ပြီး အပေါ်ယံ မြေကိုသိပ်နေအောင် ကြမ်းရိုက်ပေးမှသာ နေကြာအပင်ပေါက်လျင်မြန်၍ အပင်ဖြစ်ထွန်းမှုကောင်းကာ အထွက်နှုန်း မြင့်မားစေမှာဖြစ်ကြောင်း မျိုးစေ့ထုတ်နေကြာသီးနှံများ စိုက်ပျိုးရာတွင်ဒေသနှင့် ကိုက်ညီပြီး မျိုးကောင်းမျိုးသန့်ဖြစ်သော ရတနာနေကြာ မျိုးများစိုက်ပျိုးထားရှိသည့် ဆည်ကတော်ကျေးရွာမှတောင်သူ ဦးဝင်းလှိုင်က ပြောသည်။
နေကြာစိုက်ပျိုးပါက အရည်အသွေးကောင်း နေကြာတစ်တင်းကို နေကြာဆီ (၃) ပိဿာခန့်ထွက် ရှိပြီး နေကြာဆီ (၁)ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ ကျပ်ဝန်းကျင်ရရှိသည့်အတွက် ဒေသခံတောင်သူများအနေဖြင့် နေကြာကို စားသုံးဆီဖူလုံစေရေး သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးသင့်ကြောင်း စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးနေကြာမျိုးစေ့များကိုမီး သွေးဘုတ်ကျေးရွာအုပ်စု၊ ဒေါင့်ကြီးကွေ့ကျေးရွာအုပ်စု၊ ရွာဘိုကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ စွန်ရဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှတောင်သူများအား စုစုပေါင်းဧက (၁၄၉၉၈)ဧက အတွက် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)