စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ဖိနပ်ချုပ်သင်တန်း(အခမဲ့)ဖွင့်လှစ်

စဉ့်ကိုင်  ဩဂုတ်  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဖိနပ်ချုပ်သင်တန်း (အခမဲ့)ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက နွေရာသီ ကျောင်းပိတ်ရက်တွင်   ကျောင်းသား၊  ကျောင်းသူလူငယ်၊  လူရွယ်များ အချိန်ကို အကျိုးရှိစွာ  အသုံးချတတ်စေရန်၊ အိမ်တွင်းမှုလက်မှုပညာရပ်ကောင်းများ သင်ယူတတ်မြောက်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်ဟေမာအောင်က လူကြီးစီး(ကျား၊ မ)၊ မစီး(ပုံတော်)၊ ကလေးစီး ဖိနပ်မျိုးစုံ၊ ကော်သုတ်ခြင်း၊ ခေါင်းစိုက်ခြင်းစသည့် သင်ခန်းစာများကို သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား (၅)ရက်ကြာ စာတွေ့လက်တွေ့အခမဲ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ကျော့မူယာမောင်