မိုင်းစံ ဩဂုတ် ၁၈
မိုင်းစံမြို့ပညာရေးမိသားစု စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဩဂုတ်လ ၁၆ ရက်နေ့၊ ညနေ ၃ နာရီခန့်က အဆိုပါမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းသားမိဘများက ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ကန်တော့ကြပြီး ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်မှ ချီးမြှင့်တော်မူသောတရားတော်များကို နာယူကြသည်။
ထို့နောက် ဝါဆိုသင်္ကန်းများ၊ နဝကမ္မအလှူတော်ငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)