လင်းခေးတပ်နယ်မှူး ဒိုင်းမိုးရာသီ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီး မြှင့်ခြင်းအခမ်းအနားကျင်းပ

လင်းခေး သြဂုတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်း ခေးခရိုင်၊ လင်းခေးမြို့နယ်၊ တပ်နယ်မှူး ဒိုင်းမိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၅ နာရီက မြို့နယ်ပြည်ငြိမ်းအေးအားက စားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ခြင်း အခမ်းအနား မစတင်မီ ဝန်ထမ်းပေါင်းစုံအသင်းနှင့် နမ့်တိန်းဘောလုံးအသင်းတို့ ဗိုလ်လုပွဲယှဥ်ပြိုင်ကစားခဲ့ကြရာ၊ နမ့်တိန်းအသင်းက()ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ၊ လင်းခေးတပ်နယ်မှူးဗိုလ်မှူးကြီးသန့် ထင်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်တို့က အဆိုပါပြိုင်ပွဲ ပွဲစဥ်အစအဆုံး နေရာအလိုက် အကောင်းဆုံးဆုရရှိသောဘောလုံး သမားများအား တစ်ဦးချင်းအလိုက်ဆုများ ချီးမြှင့်ခြင်း၊ အသင်းအလိုက်ပြိုင်ပွဲ၌ တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိခဲ့ကြသည့် အသင်းတို့ကို ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလားတို့ကို အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ အခမ်းအနားသို့ တပ်နယ်မှူး၊ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံအားကစားဝါသနာရှင် ပြည်သူလူထု စုစုပေါင်းအင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)