တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

တပ်ကုန်း ဩဂုတ် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တာ်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင် ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းကောင်စီ ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း ဘောလုံး အားကစားကွင်းတွင် ကျင်းပသည်။

အဆိုပါပြိုင်ပွဲ ဖွင့်ပွဲတွင် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ် ဆရမကြီးဒေါ်နန်းနွမ်ခမ်းက ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲကျင်းပပေးရခြင်း ရည်ရွယ် ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဘောလုံးပေးကာ ကွင်းဖွင့်ကစားစေခဲ့ပြီး၊  ဗန္ဓုလအသင်းနှင့် ကျန်စစ်သားအသင်းတို့ ကွင်းဖွင့်ကစားခဲ့သည်။

ပြိုင်ပွဲတွင် ဗန္ဓုလအသင်း၊ ကျန်စစ်သားအသင်း၊ ဘုရင့်နောင်အသင်း၊ အနော်ရထာအသင်းနှင့် အလောင်းဘုရားအသင်းတို့ ပါဝင်၍ မနက်တစ်ချိန်၊ ညနေတစ်ချိန် ဩဂုတ် ၂၀ရက်ထိ ပတ်လည် ယဉ်ပြိုင်ကစားကြမည်ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)