တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာအခြေခံအထက်တန်းကျောင်း၊ ကာကွယ်ဆေးထိုးစုရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၅၅၀ ဦးအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

တပ်ကုန်း ဩဂုတ် ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ရွှေမြို့ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊  ကာကွယ်ဆေးထိုးစုရပ်တွင်  ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် တပ်ကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ​ကျော်မောင်၏ ကြီးကြပ်မှုဖြင့် ရွှေမြို့တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေး ကြီးကြပ်(၁) ဆရာဦးကျော်ကျော်အောင် ဦးဆောင်ပြီး ကာကွယ်ဆေးထိုးကျန်းမာရေးဆရာမများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများပူးပေါင်း၍ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ပထမအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်မြောက် ထိုးနှံသည့်  ကျောင်းပေါင်း ၂၅ ကျောင်းမှ  ကျောင်းသား၊ ကျောင်းသူပေါင်း ၅၅၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပြီးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်