ရမည်းသင်း ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ဩဝါဒစရိယဆရာတော်ကြီးများ ဦးဆောင်ကြီးမှူးကျင်းပသည့် (၂၈)ကြိမ်မြောက်၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ သာသနာ့နုဂ္ဂဟစာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့်ဆုချီးမြှင့်ဆက်ကပ်လှူဒါန်းပွဲကို ဩဂုတ် ၁၆ ရက် နေ့လယ် ၁၂ နာရီက ရမည်းသင်းမြို့ သာသနာ့ဂုဏ်ရောင် သာသနာ့ဗိမာန်ကြီး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာအခမ်းအနားတက်ရောက်လာသည့် ဆရာတော်အရှင်သူမြတ်များ၊ စာအောင်သံဃာတော်များ၊ ခရိုင်သာသနာရေးဦးစီးမှူးဦးသန်းညွန့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဌေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အလှူရှင်များမှ နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ ရမည်းသင်းမြို့ ရန်အောင်မင်းကျောင် းပရိယတ္တိစာသင်တိုက်ပဓာန နာယကဆရာတော် ဘဒ္ဓန္တနန္ဒောဘာသဆရာတော်၊ ဂန္တဝါစကဏ္ဍိတရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး နိုင်ငံတော်ဩဝါဒစရိယ ရမည်းသင်းမြို့ နဘူကျင်းဆရာတော်ဘန္ဒန အာဒိစ္စဘိဝံသဆရာတော်ကြီးက ဩဝါဒမိန့်ကြားသည်။
ဆက်လက်၍ (၂၈)ကြိမ်မြောက်၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ သာသနာ့နုဂ္ဂဟစာမေးပွဲစာအောင်သံဃာတော်များကို အောင်လက်မှတ်နှင့်ဂုဏ်ပြုဆုငွေများကို တာဝန်ရှိသူများနှင့်အလှူရှင်များမှ အသီးသီးချီးမြှင့်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ဩဝါဒစရိယဆရာတော်ကြီးများကြီးမှူးကျင်းပသည့် ပရိယတ္တိသာသနာ့နုဂ္ဂဟစာမေးပွဲ၌ ပထမကြီးတန်းအောင်(၉)ပါး၊ ပထမလတ်တန်းအောင်(၈)ပါး၊ ပထမငယ်တန်းအောင်(၃၂)ပါး၊ အခြေပြုမူလတန်းအောင်(၄၂)ပါး၊တတိယဆင့်အောင်(၂၅)ပါး၊ ဒုတိယဆင့်အောင်(၄၆)ပါးနှင့် ပထမဆင့်အောင်(၈၂)ပါးစုစုပေါင်း(၂၄၄)ပါးအောင်မြင်ကြောင်း သိရသည်။
ထို့နောက် ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်းပရိယတ္တိစာသင်တိုက်ပဓါန နာယကဆရာတော် ဘဒ္ဓန္တနန္ဒောဘာသထံမှ ရေစက်ချတရားတော်နာယူကာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်၊ရမည်းသင်း)