မိုင်းယုမြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု နို့တိုက်မိခင်များအား အာဟာရထောက်ပံ့

မိုင်းယု ဩဂုတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်။

လှုပ်ရှားဆောင်ရွက်မှုတွင် ကျန်းမာရေးဆရာမ ဒေါ်မောနီကာနှင့် မိုင်းယုမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့က နို့တိုက်မိခင်များအနေဖြင့် အာဟာရပြည့်ဝမျှတစွာ စားသောက်တတ်စေရန် အစာအုပ်စုများအကြောင်းကို လည်းကောင်း၊ စံပြမိခင်နှင့် အာဟာရပြည့်ဝမျှတစေရန် နေ့စဉ်ချက်ပြုတ်စားသောက်ခြင်း အကြောင်းကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် နို့တိုက်မိခင်များအား အာဟာရဖြစ် စားသောက်ဖွယ်ရာများနှင့် ကလေးငယ်များအား အာဟာရဖြစ်မုန့်များအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အားချာ