မိုင်းဖြတ်မြို့နယ်၌  ဖိုင်ပါကွေ့ရေလွှဲဆည်တည်ဆောက်ရေး  မြေပြင်အခြေအနေအား ကွင်းဆင်းစစ်ဆေး

မိုင်းဖြတ် ဩဂုတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၁၅ ရက် မွန်းလွှဲပိုင်းက ပါထွန်ကျေးရွာအနီးရှိ ဖိုင်ပါကွေ့ရေလွှဲဆည် တည်ဆောက်နိုင်ရေအတွက် မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ အင်ဂျင်နီယာ ဦးဇော်မင်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်တို့သည်  နမ့်လန်းကျေးရွာအုပ်စု၊ ပါထွန်ကျေးရွာအနီးရှိ စိုက်ပျိုးလယ်ယာမြေ ဧက(၃၀၀)ကျော် စိုက်ပျိုးရေးရရှိနိုင်ရေးအတွက် အလျား ၆၀ပေ၊ အနံ ၆၀ပေ၊ အတိုင်းအတာရှိ ဖိုင်ပါကွေ့ရေလွှဲဆည် ကျောက်ပန်းရံ(သံကူကွန်ကရစ်)အမျိုးစား တည်ဆောက်နိုင်ရေး အတွက် မြေပြင်အခြေအမျေားကို ကြည့်ရှုစစ်ဆေးခြင်း၊ တိုင်းတာခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နမ့်နန်းအုပ်စု၊ ကချင်စံပြကျေးရွာအနီးရှိ ဆိုင်ဆတ်ရေလွှဲဆည်တွင်  ၂၀၂၃ ခုနှစ်၊ ဇုလိုင်လ ၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေလွှဲဆည်အောက်ပိုင်း ၈၀ပေ၊ ၂၅ ပေ၊ လက်ယာဘက်အခြမ်း ၆၀ ပေ၊ ၁၅ ပေ လက်ဝဲဘက်အခြမ်း ၂၀ပေ၊ ၂၅ပေ ရေတိုက်စားပျက်စီးမှု အခြေအနေအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)