ကျောက်တံတား ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ(၁၅)ရက်နေ့ နေ့လယ်(၁) နာရီအချိန်က မြို့နယ်စီမံအုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်စိန်မှ အဖွင့်အမှာစကားပြောကြားက လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပပမောင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်သည့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်၊၊
ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဝင်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ကလေးသူငယ်အခွင့်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသီးသီး ဆွေးနွေး ကြကြောင်း သိရှိရပါသည်၊၊
မြို့နယ်(ပြန်/ဆက်)