သံတွဲ ဩဂုတ် ၁၇
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင်တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီမှ စတင်၍ သံတွဲမြို့နယ်၊ ခရမ်းမော်ကျေးရွာအုပ်စု၊ ခရမ်းမော်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်က မြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ကွင်းဆင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက် ၊ ဒေသအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင်ဌာနတစ်ခုချင်းအလိုက်ပြည်သူကို ဝန်ဆောင်မှုပေးလျက်ရှိသော အကြောင်းအရာများ၊ ပြည်သူများအတွက် သိသင့်သိထိုက်သော ဥပဒေဆိုင်ရာအကြောင်းအရာများ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာများ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ကြပြီး တက်ရောက်လာသော ဒေသခံပြည်သူများမှ လိုအပ်ချက်များကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက လိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုများကို ဆောင်ရွက်ပေးခဲ့သည်။
သံတွဲမြို့နယ်တွင် ဌာနဆိုင်ရာများစုပေါင်း၍ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဩဂုတ်လ (၁) ရက်နေ့မှစတင်ကာ နေ့စဉ်တနင်္လာနေ့မှ စနေနေ့အထိ ကျေးရွာအလိုက် စီမံချက်ချကာ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နေမျိုးအောင် (ခရိုင်ပြန်/ဆက်)