မင်္ဂလာတောင်ညွန့် ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၀၉း၃၀ အချိန်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် ၁၆ နှစ်အောက် ကျောင်းသား၊ကျောင်းသူများကို ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Myancopharm ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Myancopharm ကို ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီး အသက် ၁၆ နှစ်အောက် ကျောင်းသားလူငယ်များကို ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်းသူ ၂၀၀ဦးခန့် အားထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကာကွယ်ဆေး Myancopharm ထိုးနှံခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သဲ(ပြန်/ဆက်)