ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ Rapid စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ပန်ဆိုင်း ဩဂုတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် မြို့စစ်တုရင် ဆပ်ကော်မတီမှကြီးမှူး၍ မိုးရာသီ Rapid စစ်တုရင်ပြိုင်ပွဲကို ၂၅-၈-၂၀၂၃ ရက်နေ့ နံနက် (၉း၀၀)အချိန်မှ ညနေ (၅:၀၀) အချိန်ထိပန်ဆိုင်း(ကြူကုတ်) မြို့၊ မြို့မဈေးကြီးတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများက နေရာယူခဲ့ကြပြီး  ပိုမိုတိုးတက်သော အားကစားနည်းစနစ်ကောင်းများကို ဆက်လက်သင်ကြားပို့ချရန်အပြင် လေ့ကျင့်သင်ကြားနေသော အားကစားဝါသနာရှင်များ အနေဖြင့်လည်း မြန်မာ့အားကစားကို ယခင်ထက် ပိုမိုထိုးဖောက်နိုင်ရန်အတွက် ကြိုးစားကြရန် တိုက်တွန်းနှိုးဆော်အားပေးစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် စစ်တုရင်ပြိုင်ပွဲသို့ တက်ရောက်အားပေးကြသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိကြသူများ၊ ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ အားကစားဝါသနာရှင် မိဘပြည်သူများနှင့် စစ်တုရင်ပြိုင်ပွဲကို လာရောက်အားပေးကြသော ဒေသခံဧည့်ပရိတ်သတ်များက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်ကစားသမားများက အားကစားအဓိဌာန် ရွက်ဆိုခဲ့သည်။

ဆက်လက်ပြီး  ပန်ဆိုင်း(ကြူကုတ်) မြို့အုပ်ရေးမှူးနှင့်တကွ ဌာနဆိုင်ရာအကြီးအကဲများက ပြိုင်ပွဲဝင် ကစားသမားများအား လိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲဝင်အသင်းများ၏ အားကစားသမားများက အလှည့်ကျ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ယင်းကော်မတီစစ်တုရင်ပြိုင်ပွဲကြီးအား မူဆယ်မြို့နယ်မှ ပြိုင်ပွဲဝင်များနှင့် ပန်ဆိုင်း(ကြူကုတ်)မြို့မှ ပြိုင်ပွဲဝင်များက ဝင်ရောက်ယှဉ်ပြိုင်ကြခဲ့ကြရာ ပြိုင်ပွဲဝင်ကစား သမား(၁၃)ဦးတို့က ယှဉ်ပြိုင်ကစားခဲ့ကြပြီး အနိုင်ရရှိသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုများကို အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပန်ဆိုင်း(ပြန်/ဆက်)