လားရှိုးမြို့နယ် ခါးသျှီကျေးရွာတည် ၅၅ နှစ်ပြည့် အထိမ်းအမှတ် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

လားရှိုး ဩဂုတ် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ၊ခါးသျှီကျေးရွာတည်ထောင်ခြင်း ၅၅ နှစ်ပြည့်အထိမ်းအမှတ် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ညနေပိုင်းက ခါးသျှီကျေးရွာ ဘောလုံးကွင်းတွင် ကျင်းပသည်။

ဖွင့်ပွဲတွင် လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ချောစုအောင်က အဖွင့်အမှာစကားပြောကြားပြီး ဘောလုံးပြိုင်ပွဲအတွက်လိုအပ်သည့် အားကစားကစ္စည်းများကို ထေက်ပံ့ပေးအပ်ခဲ့သည။

ခါးသျှီကျေးရွာတွင် ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် အသင်းပေါင်း(၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)