ညောင်ဦး ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ပြီးစီးမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဦးကျော်မျိုးဝင်း(ညွှန်ကြားရေးမှူး)နှင့် ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ ဦးညီမွန်း(ဒုတိယညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ လက်ထောက်အင်ဂျင်နီယာများသည် ပြုပြင်ဆောင်ရွက်ပြီးစီးသည့် ရှေးဟောင်းအဆောက်အအုံအမှတ် ၇၄၈ စူဠာမဏိဘုရားဝင်းအတွင်း မြေစာပုံဖြန့်ခြင်းနှင့် မြေညှိခြင်းလုပ်ငန်းများကြည့်ရှု စစ်ဆေးခြင်းနှင့် ရှေးဟောင်းအဆောက်အုံအမှတ် (၁၅၉၇)တွင် တရုတ်ပညာရှင်အဖွဲ့က တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာ ကြားခဲ့ကြောင်း ရှေးဟောင်သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း