မိုင်းရယ်မြို့အဝင် ဂိတ်တွင် တရားမဝင်ကုန်စည်များ တင်ဆောင်ခြင်းရှိ/မရှိစစ်ဆေး

မိုင်းရယ်    ဩဂုတ်  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့သို့ ဖြတ်သန်းသွားလာလျက်ရှိသည့် ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ ခရီးသွားယာဉ်များ တရားမဝင်ကုန်စည်များ တင်ဆောင်ခြင်းရှိ/မရှိ စစ်ဆေး ခြင်းနှင့် နိုင်ငံခြားသားများ တရားမဝင် ဝင်/ထွက်သွားလာမှု မရှိစေရေးကို ယနေ့နံနက် ၈ နာရီမှစ၍ စစ်ဆေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းရယ်တပ်နယ်မှ တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးတို့ပူးပေါင်း၍ မြို့အဝင်ဂိတ်တွင် ဖြတ်သန်းသွားလာလျက်ရှိသည့် ယာဉ်များကို ရပ်တန့်စေ၍ တရားမဝင်ကုန်စည်များ တင်ဆောင်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် နိုင်ငံခြားသားများ တရားမဝင် ဝင်/ထွက်သွားလာမှု မရှိစေရေးတို့ကို စစ်ဆေးဆောင်ရွက် ခဲ့ကြသည်။

မိုင်းရယ်(ပြန်/ဆက်)