မဟာအောင်မြေ ဩဂုတ် ၁၇
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်ဦးက ကလေးသူငယ်များဆိုင်ရာ အစည်းအဝေးကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှအတွင်းရေးမှူး ဒေါ်ခင်ဝင်းအောင်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာတရားရုံးများသို့တင်ပြခြင်း၊ လမ်းပေါ်နေကလေးများအတွက် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် လိုအပ်သောဆန်းစစ်လေ့လာမှုများ ဆောင်ရွက်ပေးပြီး ထောက်ပံ့အကူအညီပေးခြင်း ညွန်ပို့ချိတ်ဆက်ဆောင်ရွက်ခြင်း၊ တောင်းရမ်းစားသောက်ခြင်းကိစ္စနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ် ၁၀၂ နှင့် ၁၀၃ တို့ဖြင့် တရားစွဲဆိုးခြင်းကို ဆောင်ရွက်ပေးခြင်းစသည့် ကလေးသူငယ်များဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အောင်ဇော်မင်း