ရွှေပြည်သာမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရွှေပြည်သာ  ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် လူငယ်များ အသိပညာ၊ အတတ်ပညာများ ပိုမိုဖွံဖြိုးတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့‌သည်။

လူငယ်စကားဝိုင်းတွင် ရွှေပြည်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင်ဦးက အဖွင့်အမှာစကား ပြောကာ ဒုမြို့နယ်ပညာရေးမှူး ဦး‌အောင်မျိုးဆန်းက အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားပြီး အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်က ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်စန်းမြင့်ခိုင်တို့က ပါဝင်ဆောင်ရွက်ခဲ့ပြီး အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (Gread-11)မှ‌ မောင်ကျော်ဇင်သန့်က လူငယ်နှင့်နည်းပညာ (Gread-11)မှ မောင်‌ကောင်းစည်သူခန့်က လူငယ်နှင့်အားကစား၊ (Gread-11)မှ‌ မောင်အောင်ခန့်လင်း   လူငယ်နှင့် ယဥ်ကျေးမှု၊(Gread-11)မှ မယုယမိုးလွင်က လူငယ်နှင့်ပညာရေး၊ (Gread-11)မှ မခိုင်ဇာဝင့်က လူငယ်နှင့်စာပေ၊ (Gread-11)မှ မရွှေဇင်ဦးက လူငယ်နှင့်ကျန်းမာရေး စသည့် ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ ကျောင်းသား/သူများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ရသစာအုပ်များ အသိပညာပေး နံရံကပ်စောင်များကို စိတ်ဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)