ချမ်းမြသာစည်မြို့နယ် အမှတ် (၃၀) အထကတွင် ကျောင်းကျန်းမာရေးသီတင်းပတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ချမ်းမြသာစည်  ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျောင်းကျန်းမာ‌ရေး သီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့‌ ကြောင်းသိရှိရသည်။

ဟောပြောပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနုက အဖွင့်အမှာစကား ပြောကြားပြီးနောက် ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် Video Clip ကို ဖွင့်လှစ်ပြသပေးခဲ့သည်။ ဆက်လက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြပြီးနောက် မြို့နယ်ပညာရေးမှူးနှင့်အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက  ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ပြသထားသော ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ကျော်စွာ (ချမ်း/ စည်)