မိုင်းယန်း ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံတောင်သူလယ် သမားများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါး ပန်းတိုင် အထွက်နှုန်းရရှိစေရန် ယူရီးယားဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်၁၅ရက် နံနက်၈နာရီခွဲက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက အမှာစကားပြောကြားပြီး မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးစိုင်းလှိုင်ခမ်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက မိုင်းယန်းမြို့နယ်အတွင်း လယ်စပါးစိုက်ဧက စုစုပေါင်း ၁၉၃၆၉ ဧက စိုက်ပျိုးပြီး ယခင်နှစ်တွင် ၅၂၂၁ ဧက ပန်းတိုင်အထွက်နှုန်းရရှိခဲ့ပြီး ကျန် ၁၄၁၄၈ ဧကကို တင်း ၁၀၀ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပန်းတိုင်အထွက်နှုန်း ၃၁၁၁ ဧက ရရှိရေးရည်မှန်းလျာထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ရှမ်းပြည်နယ်အစိုးရမှ မိုးစပါးအထွက်နှုန်း ရရှိစေရန်အတွက် ထောက်ပံ့ပေးအပ်သော ယူရီးယားဓါတ်မြေဩဇာ စုစုပေါင်း(၂၂၀)အိတ်ကို တောင်သူတစ်ဦးချင်း ထောက်ပံ့ပေးခဲ့ပြီး တက်ရောက်လာသူ တောင်ပေါ်ကျေးရွာနေ တောင်သူတစ်ဦးမှ ဓာတ်မြေဩဇာ များထောက်ပံ့ပေးအပ်မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး