ကျိုက်မ​ရောမြို့နယ်အတွင်းရှိ​ ကျေးရွာ​ပေါင်း ၁၅၈ ရွာကို ကုန်စည်ဖွံဖြိုး​စေမည့် အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတား တည်​ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ကျိုက်မ​ရော  ​အောက်တိုဘာ  ၁၄

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်အတွင်းရှိ ​ကျေးရွာ​ပေါင်း (၁၅၈) ရွာနှင့် ​ကျေးလက်ပြည်သူ လူဦး​ရေ နှစ်သိန်းကျော်တို့အား လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် လမ်းပန်းဆက်သွယ်​ရေး လွယ်ကူလျှင်မြန်​စေရန်အတွက် ​အတ္ထရံမြစ်ကို ဖြတ်၍ ၂၀၁၈-၂၀၁၉ဘဏ္ဏာရေးနှစ်တွင် ပြည်​ထောင်စု​ ငွေလုံး​ငွေရင်းဖြင့် တည်​ဆောက်ခဲ့သည့် (စံပယ်ဂူ) တံတားအတ္ထရံမှာ မကြာမီ ကာလအတွင်း ဖွင့်လှစ်နိုင်​တော့မည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါ ကျိုက်မ​ရော အတ္ထရံတံတား (စံပယ်ဂူ) ပင်မတံတားကြီးမှာ သံမဏိသံ​​ဘောင်ဂုံးတံ တား အမျိုးအစားဖြစ်ကာ တံတားအရှည်မှာ ပေ ၆၄၄.၁ မီတာ (၂၁၁၃​​ပေ ၂ လက်မ) တံတားအကျယ် (၃၄​ ပေ ၆ လက်မ) ​ရေလမ်းကင်းလွတ်ခွင့် အမြင့် ၄၆​ ပေ၊ ​ရေလမ်းကင်းလွတ်ခွင့်အကျယ် ၃၆၀​ပေ ရှိ​ကြောင်းနှင့် စီမံကိန်းခန့်မှန်းတန်ဘိုး (တံတား) ကျပ် (၁၈၀၀၀.၀၀) သန်းဖြစ်၍ အဆိုပါ တံတားကြီးကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလမှစတင်​ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ဧပြီလ၃၀ရက်​နေ့တွင် သံမဏိသံ​​ဘောင်တင်ခြင်း လုပ်ငန်းကိုစတင်​ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် တံတားကြီး၏ တည်​ဆောက်မှု ရာခိုင်နှုန်းမှာရာနှုန်း ပြည့်နီးပါးပြီးစီး​နေပြီဖြစ်​ကြောင်း တံတား​ဆောက်လုပ်​ရေး စီမံကိန်းမှ လက်​ထောက်ညွှန်ကြား​ရေးမှူးတာဝန်ခံအင်ဂျင်နီယာ  ဦးဝင်း​ဌေးမှ​ပြောသည်။ အဆိုပါကျိုက်မ​ရောအတ္ထရံတံတား (စံပယ်ဂူ) တံတားကြီးဖွင့်လှစ်ပြီးပါက မွန်ပြည်နယ် ကျိုက်မ​ရောမှ ကရင်ပြည်နယ် မြဝတီမြို့အထိ​ဒေသထွက်ကုန် များကိုအချိန်တို အတွင်း ​ရောင်းဝယ်​ဖောက်ကားနိုင်​ ​တော့မည်ဖြစ်ပြီး ကျိုက်မ​ရောမြို့နယ်၏​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများအတွက် များစွာ အ​​ထောက်အကူဖြစ်လာမည့်တံ တားတစ်စင်းလည်းဖြစ်၍  ဒေသခံ​ကျေးရွာပြည်သူများမှ ဂုဏ်ယူဝမ်း​မြောက်လျက်ရှိ​ကြောင်း သိရသည်။

ချိုချို(ပြန်/ဆက်)