ဒေါပုံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၅

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ယ​နေ့နံနက် ၁၀ နာရီအချိန်က အမှတ်() အခြေခံပညာ အလယ်တန်းကျောင်းတွင် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရရှိစေမည့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် လူငယ်များ စာရိတ္တမဏ္ဍိုင် ကောင်းမွန်စေရေးဆိုင်ရာ အကြောင်းအရာများနှင့်  စာဖတ်ရှိန် မြှင့်တင်ရေး အကြောင်းအရာများအား ဒေါပုံမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေး၊ သွေးလွန်တုပ်ကွေးပညာပေးနှင့် မူးယစ်အန္တရာယ် အသိပညာပေးများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား နံရံကပ်စာစောင်များတွင် ပြသဆောင်ရွက်ပေးခဲ့ပြီး လူငယ်များ စာအုပ်စာပေနှင့် နီးစပ်မှုရှိစေရေးနှင့် စာပေကို ပိုမိုဖတ်ရှုလေ့လာစေရန်အတွက် စာအုပ်ပြပွဲကိုလည်း ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)