အမ်း- ဩဂုတ် ၁၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်းတို့ ပူးပေါင်း၍ သင်တန်းသားအမျိုးသမီးငယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်းအဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့ မှောက်တွင် ပြောရဲ ဆိုရဲသည့်သတ္တိ ရှိလာစေပြီး နှတ်မှုစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက် စာဖတ်သူ လူငယ်များနှင့် စာမဖတ်သူ လူငယ်များ၏ အားနဲချက် အာသာချက်များ၊ စာပေဆိုင်ရာအကြောင်း သိကောင်းစရာခေါင်စဥ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ အဆင့်မြင့်အိမ်မှုအပ်ချုပ်သင်တန်း အမှတ်စဥ် (၆)မှ သင်တန်းသူ မမေလှိုင်ဖြို့က ပညာဟူသည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိဇင်မိုးက ပညာဗဟုသုတ နိမ့်ကျတာကြောင့် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မဆန်းထက်စုက စာရဲ့အရသာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိဖြူစိုးက အပင်ကို ပျိုးတာလာ အညွန့်ကို ချိုးတာလားခေါင်းစဥ် ဖြင့်လည်းကောင်း တစ်ဦးချင်းစီ၏ အမြင်များအား ဆွေးနွေးပြောကြားခဲ့ပြီး အဆင့်မြင့် အိမ်မှုအပ်ချုပ်သင်တန်းအမှတ်စဥ် (၆)မှ သင် တန်းသူ(၃၀)ဦး တက်ရောက်ကာဆွေးနွေးမှုနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မေးမြန်းချက်များအပေါ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိက ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ခင်းကျင်းပြသထားရာ ဦးစီးအရာရှိ ဦးစန်ဝင်းက နံရံကပ်စာစောင်ပါ အကြောင်းအရာများအား ရှင်လင်းပြောကြားခဲ့ရာ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)