အောင်လံ ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အောင်လံမြို့နယ်၏ ၂၀၂၃/၂၀၂၄ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဒေါ်သန်းသန်းဝေက ကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျောင်းကျန်းမာရေး မြို့နယ်အဆင့် ပထမဆုရရှိသော အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးအား အောင်လံမြို့မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ KG ကလေးငယ်များမှ သွားတိုက်နည်း လက်တွေ့သရုပ်ပြပုံစံနှင့် G-2 ကျောင်းသား၊ ကျောင်းသူလေးများက လက်ကို စနစ်တကျဆေးကြောနည်းများကို သရုပ်ပြခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျန်းမာရေး ဆရာ၊ ဆရာမများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး အခမ်းအနားတွင် ခင်းကျင်းပြသထားသော ဆုရ ကျောင်းသား၊ ကျောင်းသူများ၏ (ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာနှင့် စာစီစာကုံး)များအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)