ပုဏ္ဏားကျွန်း ဩဂုတ် ၁၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက အဖွင့်အမှာစကားများပြောကြားခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ် ဥပဒေအရာရှိ ဒေါ်ချမ်းငြိမ်းသူက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် အရေးယူဆောင်ရွက်သည့် ဥပဒေအကြောင်းအရာတို့အား ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်လူကုန်ကူးမှုတားဆီနှိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးညွန့်ဝင်းက လူကုန်ကူးမှုတားဆီနှိမ်နင်းရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များနှင့် ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက “လူသည် ရောင်းကုန်မဟုတ်ပါ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာတို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပြဌာန်းချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)