မဟာအောင်မြေ ဩဂုတ် ၁၄
မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်း၍(၂၀၂၃)ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်၊ အာဟာရဖွံ့/ဖြိုးရေး ရက်သတ္တပတ်များအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဌေးဌေးလွင်က ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်၊ အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ချိုမာဦးက မိခင်များအနေဖြင့် မိမိရင်သွေးများအား ကျန်းမာစွာမွေးဖွားနိုင်စေရန် ကျန်းမာရေးဆေးခန်းများ မြို့နယ်အတွင်းဖွင့်လှစ်ထားကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ချောချောနိုင်ကလည်း လစဉ် ကလေးကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံကြရန်နှင့် ဆေးတိုက်ကျွေးနည်းများအား သရုပ်ပြဟောပြောခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဒေါ်ကြူကြူဆွေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဌေးဌေးလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ချောချောနိုင်တို့ တက်ရောက်ကြပြီး ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်(၂၀)ဦး၊ အသက်(၅)နှစ်အောက်ကလေးငယ် (၂၀)ဦးတို့အား မန္တလေးတိုင်းဒေကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူဆွေမှ ကိုယ်ဝန်ဆောင်နှင်ပတ်သက်သည်များ အသိပညာပေးဟောပြောခြင်း၊ ကလေးငယ်များ အာဟာရဖွံ့ဖြိုးအောင် ဆွေးနွေးပြောကြားခြင်း၊ အာဟာရပစ္စည်းများနှင့် ကလေးအရုပ်များ ထောက်ပံ့ပေးအပ်ခြင်းများပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းများနှင့်ပြည်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် မဟာမြိုင်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်တို့မှ နံနက်ခင်းစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း